ဂန့်ဂေါ ၁၁ မေ
ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့မှူးရုံး၏ အစီအစဉ်ဖြင့် ဂန့်ဂေါမြို့နယ် ကန်ရွာရဲတပ်ဖွဲ့စခန်းက ကြီးမှူး၍ ကန်သာရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့က သက်ငယ်မုဒိမ်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အသိပညာပေး ဟောပြောဆွေးနွေးရာ ကျေးရွာနေပြည်သူ ၅၁ ဦးတို့ တက်ရောက်ကြသည်။
ထို့နောက် စခန်းမှူး ရဲအုပ်အောင်ကျော်ဝင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ အရန်မီးသတ်တပ်ဖွဲ့မှူး ဦးတင်ဝင်း တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကန်သာရွာ ရွာလယ်လမ်းတွင် မောင်းနှင်သည့် ဆိုင်ကယ် ၅၁ စီး အား စစ်ဆေး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများဆွေးနွေးကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့် ဝေပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်