လှိုင်သာယာ ၁၁ မေ
နိုင်ငံတော်မှ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးလျက်ရှိရာ လှိုင်သာယာမြို့နယ် အမှတ် ၇ ရပ်ကွက် ဓမ္မာရုံတွင် မေ ၉ ရက် ညနေပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
သုံးလတစ်ကြိမ် သက်ကြီးဘိုးဘွားများအား လက်ရောက် စုပေါင်း၍ လူမှုရေးပင်စင်ထောက်ပံ့ကြေးများအား လက်ဝယ်အရောက် တာဝန်ရှိသူများက ကန်တော့ပေးအပ်ခဲ့ကြသည်။ အဆိုပါ ကွင်းဆင်းထောက်ပံ့ပေးအပ်မှုအား ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ မြို့နယ် စည်ပင်သာယာကော်မတီဝင်များ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် နိုင်ငံတော် အစိုးရကိုယ်စား ထောက်ပံ့ကြေးများအား အသီးသီးကွင်းဆင်း ကန်တော့ပေးအပ်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN