ဓနုဖြူ  ၁၁  မေ

 

ဓနုဖြူမြို့နယ် လက်ဆွဲချောင်းကျေးရွာအုပ်စု၊ လက်ဆွဲချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် မွေးမြူရေးပညာပေးသင်တန်းအား ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

 

ဓနုဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်လင်း နှင့် ဒုတိယဦးစီးမှူး  ဒေါက်တာ တင်တင်အိတို့မှ တိရစ္ဆာန်များတွင် ဖြစ်ပွားတက်သည့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နည်းများ၊ နွားများတွင် ဖြစ်ပွားတက်သည့် ဒေါင့်နသန်းရောဂါ ကာကွယ်ဆေးပုံမှန် ထိုးနှံပေးရေး၊ ကူးစက်ရောဂါဖြစ်ပွားပါက အမြန်ဆုံးကုသဆောင်ရွက်ရေးနှင့် တိရစ္ဆာန်များ မွေးမြူရာတွင် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှု၊ ပိုးသတ်သန့်စင်ခြင်း၊ သံသယဖြစ်ဖွယ်ရှိသော တိရစ္ဆာန်များအား သီးခြားခွဲကြရန်၊ တိရစ္ဆာန်များအား ကာကွယ်ဆေးပုံမှန်ထိုးပေးရေး၊ ကူးစက်ရောဂါဖြစ်ပွားသော တိရစ္ဆာန်များအား စားသောက်ခြင်းမပြုရန်နှင့် စနစ်တကျမြေမြုတ်ဖျက်ဆီးရန် စသည့်အချက်များအား  ကျေးရွာနေပြည်သူများ သိရှိနားလည်စေရန် လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး အသေးစိတ်ရှင်းလင်း ပို့ချခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသားဦးရေ ၄၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အောင်သူဟိဏ်း(ဓနုဖြူ)

 

IMG_20