မော်လူး  ၁၁  မေ 

 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့ဘူတာလမ်းမကြီးတွင် အရှည်(၈၂၀) ပေရှိသော ကွန်ကရစ်လမ်းအား ကိုယ်ထူကိုယ်ထ စုပေါင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  လုပ်ငန်းပြီးစီးမှုပမာဏမှာ ၂၅ ရာခိုင်နှုန်းထိရှိကြောင်း သိရသည်။ 

 

အဆိုပါ ဘူတာလမ်းမကြီးမှာ မင်းဇေယျာရပ်ကွက်နှင့် မင်းရာဇာရပ်ကွက်တို့ကို ပိုင်းခြားထားသော လမ်းမကြီးဖြစ်ပြီး အရှည်ပေ ၈၂၀၊  အကျယ် ၂၄ ပေ၊ ထု ၉ လက်မ ရှိသည်။  ဘူတာလမ်းမကြီး ပြုပြင်ရန်အတွက် အင်းတော်မြို့နယ် စည်ပင်သာယာမှ ဘိလပ်မြေအိတ်အလုံး (၁၉၀ဝ)  ထောက်ပံ့ပေးအပ်ပြီး ဒေသခံအလှူရှင်များ၏ထည့်ဝင်ငွေ စုစုပေါင်း ကျပ်သိန်း ၁၀ဝ ခန့်ဖြင့် မေလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၅ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

MDN

 

IMG_201