ပုဗ္ဗသီရိ ၁၁ မေ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး အင်ဂျင်နီယာဌာနမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အဆင့်မြင့်ယာဉ်ကြီးမောင်းသင်တန်း သင်တန်းအမှတ် စဉ် (၃၇/၂၀၁၉) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကုန်းလမ်း ပို့ဆောင်ရေးဦးစီးဌာန အင်ဂျင်နီယာသင်တန်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကုန်းလမ်းပို့ဆောင်ရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒုတိယအင်ဂျင်နီ ယာချုပ်ဦးတင်ကြွယ်က အဖွင့်အမှာစကားပြောကြားရာတွင် ကုန်သွယ်ယာဉ်များကို ယာဉ်စည်း ကမ်း လမ်းစည်းကမ်းများနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစွာ စနစ်တကျမောင်းနှင်တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ် ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းအမှတ်စဉ်(၃၇/၂၀၁၉)တွင် သင်တန်းသား ၅၁ ဦးကို အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ထိုအဆင့်မြင့်ယာဉ်ကြီးမောင်းသင်တန်းကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းအမှတ်စဉ် ၁ မှ ၃၆ အထိ သင်တန်းသား ၁၇၃၅ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN