ရန်ကုန် ၁၁ မေ
    

မေ(၁၂)ရက်တွင် ကျရောက်မည့် အမေများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၌ ယနေ့နံနက် (၇)နာရီက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ကြသည်။
    

မိခင်များ၏ အားကိုးအားထားရာ ဗဟိုအမျိုးသမီးဆေးရုံကြီး၏ ရှေ့ရေမြောင်းများ အမှိုက်များဖော်ခြင်း၊ ဆေးရုံကြီးဝင်း အတွင်း၊ အပြင် ချုံနွယ်သစ်ပင်များ ရှင်းလင်းခြင်း၊ ဆေးဖျန်းခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများကို ဆေးရုံဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများ စုပေါင်းဆောင်ရွက်နေကြသည်ကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  ဆေးရုံအုပ်ကြီးတို့က ကြည့်ရှုအားပေးကြသည်။
    

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာ ဒေါ်ခင်ပြုံးကြည်က “မနက်ဖြန်မှာကျရောက်မယ့် အမေများနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ ဆေးရုံမှာဒီနေ့ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး ဆေးရုံကြီးပတ်ဝန်းကျင် သန့်ရှင်းရေးပြုလုပ်တာ ဖြစ်ပါတယ်။ ဒီဆေးရုံကြီးက အမေတွေ၊ မိခင်တွေအတွက် အဓိကအားကိုးအားထားရာ ဆေးရုံကြီးဖြစ်တဲ့အတွက် အမေများနေ့ဟာလည်း ဒီဆေးရုံကြီးအတွက် အဓိပ္ပာယ်ရှိပါတယ်။ ဒါ့ကြောင့် ဆေးရုံအင်္ဂါရပ်နဲ့ ညီညွတ်ဖို့အတွက် သန့်ရှင်းရေးက အရေးကြီးပါတယ်။ 
    

မေ ၁၃ ရက် တနင်္လာနေ့တွင် အလှူရှင်များက အဆိုပါဆေးရုံကြီးရှိ လူနာများအား အာဟာရကျွေးမွေးခြင်း၊ ဆေးဝါးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း အစီအစဉ်များရှိကြောင်း သိရသည်။


သတင်း၊ ဓာတ်ပုံ-ရီရီမြင့်

 

1