ထန်းတပင် ၁၁  မေ

ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု အနေဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီက လူသွားလူလာများပြားသည့် ထန်းတပင်ကားဂိတ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဆောင်ရွက်ရာတွင် ထန်းတပင်ကားဂိတ်လမ်းဆုံတွင် ဖြတ်သန်းသွားလာနေကြသော ယာဉ်နှင့်ခရီးသွားပြည်သူများအား ထိုင်ခုံခါးပတ်ပတ်ရေး၊ အရက်သေစာ သောက်စားမောင်းနှင်ခြင်းမပြုရေး၊ ယာဉ်မောင်းနေစဉ်အတွင်း လက်ကိုင်ဖုန်းသုံးစွဲခြင်း မရှိစေရေး၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ရောင်ပြန်စတေကာများ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြသည်။

 

mdn

 

အသိပညာပေး ဆောင်ရွက်ရာခြင်းကို အမှတ် (၆၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ရဲအုပ်မြင့်နိုင်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမြင့်ဇော်၊ ထန်းတပင် မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးမင်းခိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ဇင်မင်းထိုက်(ထန်းတပင်)