မတ္တရာ ၁၁ မေ

သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှု (Green Environment Campaign For 2019) စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်လျက်ရှိရာ အဆိုပါ စီမံကိန်းအကောင်ထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် မတ္တရာမြို့နယ်ရှိ မြို့မဘိနယ် ယာယီပျိုးဥယျာဉ်နှင့် ဥက္ကံဘိနယ် ယာယီပျိုးဥယျာဉ်တို့တွင်လည်း သစ်ပင်များ ပျိုးထောင်ထားရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါ သစ်ပင်များစိုက်ပျိုးထားသော ယာယီပျိုးဥယျာဉ်များသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းထွန်း (သဘာဝတော/စိုက်ခင်း)မှ လာရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

mdn


မတ္တရာမြို့နယ်ရှိ ယာယီပျိုးဥယျာဉ်များတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မယ်ဇယ်၊ စိန်းပန်း၊ မယ်ဇလီ၊ မဟော်ဂနီ စသည့် သစ်မျိုးပေါင်း (၃၆) မျိုး ပျိုးပင်စုစုပေါင်း (၄၅၀ဝဝ) ပင် စိုက်ပျိုးထားရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)