ညောင်ရွှေ ၁၁ မေ
အင်းလေး ဖောင်တော်ဦးဘုရား ဝန်းကျင်တွင် ပလတ်စတစ်ကင်းမဲ့ဇုန် ဖြစ်ပေါ်လာရေး ရည်ရွယ်ချက်ဖြင့် စုပေါင်းအမှိုက်ကောက်ခြင်းကို မေ ၁၁ ရက် နံနက် ၈ နာရီမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုပေါင်းအမှိုက်ကောက်ယူခြင်း လုပ်ငန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အင်အား ၂၀ဝ ကျော်က စုပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)