စစ်တွေ ၁၁ မေ


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ဂေဟာ၌ ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ၊ အတွေ့အကြုံရှိ ပညာရှင်များနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များအား သီးခြားစီတွေ့ဆုံသည်။

 

1


ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နံနက် ၈ နာရီတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တာဝန်ရှိသူများနှင့် လည်းကောင်း၊ နံနက် ၉ နာရီတွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တာဝန်ရှိသူများနှင့် လည်းကောင်း၊ နံနက် ၁၀ နာရီတွင် ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူများနှင့် လည်းကောင်း၊ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများနှင့်လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် အတွေ့အကြုံရှိ ပညာရှင်များနှင့် လည်းကောင်း၊ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် လည်းကောင်း တွေ့ဆုံသည်။
    

တွေ့ဆုံပွဲများသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်အတူ ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အငြိမ်းစားဒုတိယဝန်ကြီး ဦးညီလှငယ်၊ ရဲဗိုလ်ချုပ် အောင်နိုင်သူ၊  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ အထူးဖိတ်ကြားထားသည့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။  


(သတင်းစဉ်)

 

1