မိုင်းပျဉ်း ၁၂ မေ  

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး သွား ပြည်ထောင်စုကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ် (၃၃၆/၆) နှင့် (၃၃၆/၇)ကြား တွင် မေ ၁၂ နံနက် ၆ နာရီက ခရီးသည်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျခဲ့ကြောင်း သိရသည်။ 

 

ဖြစ်စဉ်မှာ တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ ယာဉ်မောင်း သီဟ(ခ)သီဟဆွေ မောင်းနှင်သည့်  မှန်လုံအနက်ရောင်ယာဉ်သည် မိုင်းပျဉ်းမြို့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာတွင်  အရှိန်မထိန်းနိုင်ဘဲ ပေ ၅၀ ခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါသူ ၈ ဦးအနက်  ယာဉ်မောင်းနှင့် ခရီးသည် ၄ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မိုင်းပျဉ်းမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။ 

 

အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ မိုင်းပျဉ်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)