နေပြည်တော်  ၁၂  မေ 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော်သည်  ယနေ့နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်း (ရန်ကုန် - နေပြည်တော်လမ်းအပိုင်း) အား ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို မော်တော်ယာဉ်များဖြင့်လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်အမှတ် (၁၆၅ / ၁ နှင့် ၁၆၅ / ၃) တို့ အကြားရှိ သဘာဝဘေးဒဏ်ကြောင့် နိမ့်ကျပျက်စီးသွားသည့် အရှည် (၈၁၀)ပေ ဆွာချောင်းတံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိရာ ယာယီရှင်းလင်း ဆောင်တွင် တံတားဉီးစီးဌာန ၊ တည်ဆောက်ရေးအဖွဲ့ (၃) မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဉီးထွန်းလင်းက သဘာဝဘေးဒဏ်ကြောင့် ဆွာချောင်းတံတား ရေတိုက်စားပျက်စီးမှု ၊ လမ်းပန်း ဆက်သွယ်ရေး မပြတ်တောက်စေရန်အတွက် တံတားဉီးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့(၃)မှ ယာယီဘေလီတံတား အမြန်ဆုံးဆောင်ရွက်ခဲ့မှု ၊ ယာယီဘေလီ တံတားအား သတ်မှတ်ခံနိုင် ရည်ရှိရန် အရည်အသွေးထိန်းသိမ်းရေးအဖွဲ့နှင့် ဆောင်ရွက်ထားရှိမှု၊ မေ ၇ ရက်မှ ၈ ရက်အထိ (၂)ရက်အတွင်း ယာယီဘေလီသံဘောင်များဖြုတ်သိမ်း ပြီးစီးမှု ၊ နိမ့်ကျသွားသော တံတားတိုင်များ အား Jack Up ဆောင်ရွက်ခြင်း ၊ Bearing များ အထိုင်ချခြင်းနှင့် နေ့ရက်အလိုက် လုပ်ငန်းဆောင် ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများသတ်မှတ်အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရေး ၊ ခရီးသွားပြည်သူများသွားလာရာတွင် အဆင်ပြေရေးတို့ကို ဉီးစားပေးဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားတိုင်အမှတ် RP (7) တွင် Bearing Pin များ တပ်ဆင်ခြင်း ၊ High Early Stregth Concrete သွန်းလောင်းခြင်း ၊ Bearing အထိုင်ချ Grouting ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ရန်ကုန် - မန္တလေးအမြန်လမ်းပေါ်ရှိ ဆွာချောင်းတံတားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် လမ်းပန်းဆက်သွယ်မှု  မပြတ်တောက်စေရေးနှင့် ခရီးသွားပြည်သူများ သွားလာ ရေး လွယ်ကူအဆင်ပြေစေရန် နေပြည်တော်မှ ရန်ကုန်အသွားလမ်းပေါ်ရှိ ကျန်ရှိတံတားပေါ်မှ မော်တော်ယာဉ်များအား အသွားအပြန် ခွင့်ပြုပေးထားသည်။

 

ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သတိပေး ဆိုင်းဘုတ်များ ၊ အသိပေးဆိုင်းဘုတ်များလည်း တပ်ဆင်ထားရှိပြီး ယာဉ်မောင်းသူများ အနေဖြင့် လည်း သတ်မှတ်ထားသည့်အတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး သတိပေးထားကြောင်း သိရသည်။

 

(သတင်းစဉ်)

 

111 IMG