ကျိုက်ထို  ၁၂   မေ 

 

ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် စာပေချစ်သူများအသင်း(Book Club) တို့ပူးပေါင်း၍ ဆရာဖေမြင့်၏ တန်ဖိုးထားအပ်သောအရာများ  စာအုပ်စာဖတ်ဝိုင်းကို မေ၁၂ ရက်နံနက် ၁၀ နာရီတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပြုလုပ်ခဲ့သည်။ 

 

ယင်းသို့ဆွေးနွေးရာတွင်  စာပေချစ်သူများအသင်း နာယက ဦးအောင်သန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းမော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရွယ်ရည်ချက်ကိုပြောကြား၍စာပေချစ်သူများအသင်းဝင်များက ဆရာဖေမြင့်၏ တန်ဖိုးထားအပ်သောအရာများစာအုပ်မှ ကဏ္ဍအလိုက်ဆွေးနွေးရာ နာယကများက သိရှိလိုသည့် အကြောင်းအရာများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ဝင်းမောင်(ကျိုက်ထို)