ကျွန်းလှ ၁၃ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အခြေခံပညာ ကျောင်းများတွင်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ပြည်ထောင်စု ဘတ်ဂျက်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျောင်းဆောင်သစ်များ ဆောက်လုပ်လျှက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆားတွင်း၊ လိပ်ဆင်းတောင်၊ နောင်ဦး၊ ကိုင်းဝန်း၊ ပိတောက်မြိုင်(၁)၊ သက္ကယ်ကျင်း၊ ထိန်တော၊ ပျဉ်းမမြိုင်၊ ကန်ပေါက်၊ သရက်တော၊ ပေကုန်းကျေးရွာများတွင် (အလျား ၉၀ × အနံ ၃၀) ပေ Steel Structure နှစ်ထပ်ကျောင်းဆောင်သစ်များကို အောင်ဇေယျာကျော် ကုမ္ပဏီနှင့်ခန့် မြန်မာခွန်အားသစ် ကုမ္ပဏီတို့က တာဝန်ယူ ဆောက်လုပ်လျှက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ်များ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာကတွင် ပြီးစီးရန် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီများ၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့၊ မြို့နယ်ပညာရေးဌာနနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)