မိုင်းယောင်း  ၁၃   မေ 

 


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူးပြီး လယ်ယာသုံးစက်ကိရိယာများ စနစ်တကျ ကိုင်တွယ်အသုံးချတတ်စေရန် ရည်ရွယ်၍ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းကို မေ ၁၃ ရက်နေ့က ဝမ်ပုံကျေးရွာရှိ စက်မှုလယ်ယာစခန်း(ခွဲ)၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 


သင်တန်းဖွင့်ပွဲတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသုနောင်မိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ စက်မှုလယ်ယာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမျိုးညွှန့်ဦးက လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် စက်မှုလယ်ယာသို့ကူးပြောင်းရေးအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ကာ အဆိုပါသင်တန်းကို စက်မှုလယ်ယာမှ ဝန်ထမ်းများက လယ်ယာသုံးစက်ကိရိယာများ မောင်းနှင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ၁၂ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

 


သင်တန်းဖွင့်ပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ ပြည်နယ်ဦးစီးဌာနမှူး ဦးမျိုးညွှန့်ဦး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသုနောင်မိုးလှိုင်နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 


အားချာ(ပြန်/ဆက်)