ကလေးဝ ၁၃ မေ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် သက္ကယ်ကျင်းကျေးရွာအုပ်စုရှိ မဟာမြိုင် တောရကျောင်း(ချက်မရေ) ၌ ယနေ့ နံနက်အစောပိုင်း ၁ နာရီခွဲက ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် သံဃာတော်များ သီတင်းသုံးလျက်ရှိသော ပြည်ထဲရေးဓမ္မာရုံ၏ အမိုးသွပ်ချပ်ပေါင်း ၃၅၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး သံဃာတော်နှင့်လူများထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)