ဝါးခယ်မ  ၁၃ မေ 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ  အသိပညာပေးဟောပြောပြီး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။ 

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၊ အပူချိန်မြင့်တက်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးဖြစ်သည့် ကျန်းမာရေးဆိုင်ရာများ၊ ကာကွယ်ရန် နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ကြိုတင်သတိပြုရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဟောပြောပွဲသို့  မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ စာဖတ်ပရိသတ် ကလေးငယ်များတက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း၊ ဆက်လက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် “သဘာဝ ဘေးအန္တရာယ် ကြိုတင်သတိရှိကြပါစို့” ဗွီဒီယိုဇတ်လမ်းတို့ကို ပြသပေးခဲ့ကြောင်း သိရသည်။ 

လွှမ်းသီဟ  (ပြန်/ဆက်)