ကျောက်ဖြူ  ၁၃  မေ  
    

 

အပူရှိန်မြင့်မားလာမှုကြောင့် ကျောက်ဖြူမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါမှုနှင့်ကြုံတွေ့နေရာ သော ကျေးရွာများသို့သွားရောက်ကာ အမှတ်(၁၁)လုံခြုံရေးရဲကွက်ကဲမှု အဖွဲ့ခွဲမှူးရုံးမှ ရဲမှူးကြီး လှစိန်နှင့် အမှတ်(၃၂)ရဲတပ်ရင်းမှအရာရှိတပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစည်သူလင်းနှင့် တပ်ဖွဲ့ဝင်များသည် ယနေ့၊နံနက်(၉)နာရီအချိန်က သန့်ရှင်းသော သောက်ရေ သုံးရေများကို ကျောက်ဖြူမြို့နယ်၊ ငလပွေ့ကျေးရွာ၊ ငလပွေ့ရွာသစ်သို့  သွားလှူဒါန်းပေးခဲ့ကြသည်။ 

 

dfdf

 


ထိုသို့သွားရောက်လှူဒါန်းရာတွင် ရေသန့်ဘူးကြီးအလုံး(၃၀)နှင့်မီးသတ်ရေယာဉ် နှစ်စီး၊ ရေဂါလန် (၂၄၀ဝ) အား ငလပွေ့ကျေးရွာ၊ ငလပွေ့ရွာသစ်ရှိ လူဦးရေ(၁၂၀)ဦးအား သန့်ရှင်းသော သောက်သုံးရေများ လှူဒါန်းခဲ့သည်။ ခရိုင်မီးသတ်ဦးစီးဌာနမှ မေ ၁၂ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာ သို့သွားရောက်ပြီး မီးသတ်ရေယာဉ်တစ်စီးဖြင့် သန့်ရှင်းသော သောက်သုံးရေများဖြန့်ဝေပေးခဲ့ကြသည်။ ရေရှားပါးသောကျေးရွာများသို့သွားရောက်ကာ  ဆက်လက် ရေလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူးထံမှသိရသည်။

 


ဖြိုးဝေလင်း(ပြန်/ဆက်)                    

 

dfdf