ရန်ကုန် ၁၃ မေ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ချိုနှင့်အဖွဲ့ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌနှင့် တရားရေးဝန်ကြီးတို့၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် မေ (၁၄)ရက်မှ (၁၇) ရက်ထိကျင်းပမည့် "(၉)ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေဖိုရမ်" သို့ တက်ရောက်ရန် ယမန်နေ့ ညနေ ၇ နာရီ ၄၅မိနစ်တွင် ရန်ကုန်မြို့မှ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ချိုနှင့်အတူ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ပိုင် လိုက်ပါသွားကြောင်း သိရသည်။
(သတင်းစဉ်)