ရန်ကုန် ၁၃ မေ
စန်းမောင်မြင့် ဒါနဥပပါရမီသွေးလှူကုသိုလ် ဖောင်ဒေးရှင်းက ကြီးမှူးပြုလုပ်မည့် (၁၉) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီးဝင်းထောင့်ရှိ အမျိုးသားသွေးဌာန (အမျိုးသားသွေးလှူဘဏ်) ၌ မေလ ၂၆ ရက် နံနက် ၈ နာရီမှစ၍ ပြုလုပ်မည်ဖြစ်သဖြင့် မည်သူမဆို ပါဝင်သွေးလှူဒါန်းနိုင်ပြီး သွေးလှူရှင်များအား သွေးလှူဘဏ်မှ ပုံမှန်ကျွေးမွေး ထောက်ပံ့မှုများအပြင် စန်းမောင်မြင့် သွေးလှူကုသိုလ်ဖောင်ဒေးရှင်းမှ အမှတ်တရ လက်ဆောင်တို့ဖြင့် ပံ့ပိုးဂုဏ်ပြုမည်ဖြစ်ကြောင်း၊ သွေးလှူဒါန်းမည့်သူများအနေဖြင့် ဖုန်း ဝ၉၄၄၉၂၅၃၇၆၇၊ ဝ၉၇၉၅၅၆၃၄၀ဝ တို့သို့ မေ ၂၄ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
MDN