တာချီလိတ် ၁၃ မေ
ရှမ်းပြည်နယ်အရှေ့ပိုင်း ကလေးစာပေပွဲတော်(တာချီလိတ်) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ပထမဦးဆုံး ကျင်းပမည့် ကလေးစာပေပွဲတော်အတွက် မြို့မီးလင်းရေးကော်မတီက ငွေကျပ်သိန်း ၅၀၊ မိုးသောက်ကြယ်ဟိုတယ်မှ ဦးစိုင်းစိုင်း မိသားစုက ငွေကျပ် ၁၀ သိန်း၊ ရွှေတြိဂံသတင်းဌာနမှ ကိုထွန်း(မိုင်းဖြတ်)က ငွေကျပ် ငါးသိန်း၊ ရှမ်း/ရှေ့တန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းက ထမင်းထုပ် ၁၅၀ နှင့် ရေခဲမုန့်၊ စတုဒိသာ စသည့် လုပ်ငန်းရှင်၊ စေတနာရှင်၊ အလှူရှင်များက ကလေးစာပေပွဲတော်(တာချီလိတ်)ကျင်းပရေး ဦးစီးကော်မတီထံသို့ ပေးအပ်လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ် ပြန်/ဆက်ဦးစီးမှူး ဦးစိုးညွှန့်ရွှေက အလှူငွေများကို လက်ခံရယူခဲ့သည်။
အဆိုပါ ကလေးစာပေပွဲတော်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းပြီး ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၍ တာချီလိတ်မြို့ခံ ရပ်နီးရပ်ဝေးမှ လုပ်ငန်းရှင်၊ စေတနာရှင်၊ အလှူရှင်များ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝ၈၄၅၁၀၂၈၊ ဝ၉၄၂၀၇၀၈၄၆၇ နှင့် ဝ၉၄၄၀၁၇၁၂၄ ဖုန်းနံပါတ်များအား ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း