ဘုတလင် ၁၃ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် အတွင်းရှိ စိုက်ပျိုးရေး ဆေးဆိုင်များတွင် မြန်မာစာတမ်းပါသည့် ဆေးများကိုသာ ရောင်းချနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မေလ(၁၃)ရက်က ဘုတလင်မြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များအား ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဘုတလင်မြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင် အချို့တွင် မြန်မာစာအညွှန်းစာ မပါသည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရာ သတိပေးတားမြစ်ခဲ့ပြီး မြန်မာဘာသာနှင့် အခြားဘာသာ ပူးတွဲဖော်ပြထားသည့် ဆေးများကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန်ဆေးများ ရောင်းချခြင်းမပြုရန် ပညာပေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေး ဆေးဆိုင်များသို့လည်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဟန်ထွန်း