နေပြည်တော်  ၁၃  မေ

 


၂၀၁၉ ခုနှစ်၊ မေလအတွင်း အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ အရှေ့ အလယ်ပိုင်း(East Central Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက် အနည်းငယ် မြင့်နေဆဲဖြစ်သည်။ ထို့ကြောင့် အယ်နီညိုဖြစ်စဉ်သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ဆက်လက်ရှိနိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသနှင့် ရာသီဥတုခန့်မှန်းရေး ဗဟိုဌာနများမှ ထုတ်ပြန်ထားသည်ဟု မိုးဇလမှ သိရသည်။

 

၂၀၁၉ ခုနှစ် (မေ-ဇွန်-ဇူလိုင်) လအထိ အယ်နီညိုဖြစ်ပေါ်နိုင်မှု ရာခိုင်နှုန်းမှာ (၈၀ ရာခိုင်နှုန်း )အထိ ရှိနိုင်ပြီး၊ ၂၀၁၉ ခုနှစ်၊ (ဇူလိုင်-ဩဂုတ်-စက်တင်ဘာ)လတို့တွင် (၆၂ ရာခိုင်နှုန်း )သို့ ပြန်လည် လျော့ကျလာနိုင်ကြောင်းကို အယ်နီညိုဖြစ်စဉ်အား နိုင်ငံတကာပစိဖိတ်သမုဒ္ဒရာပင်လယ်ရေမျက်နှာပြင်အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနများမှ ထုတ်ပြန်ထားကြောင်း သိရသည်။

 


MDN