နေပြည်တော် ၁၃  မေ  

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် Euro Cham Myanmar ၏ Executive Director , Mr. Filip Lauwerysen ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန  အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ၂၀၁၉ ခုနှစ် မတ်လအတွင်း Euro Cham Myanmar မှ ဆွေးနွေးအကြံပြုခဲ့သည့် အချက်အလက်များနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်ဆောင်ရွက်ထားရှိမှု ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ဇွန်လအတွင်း ကျင်းပမည့် ၁၀၈ ကြိမ်မြောက် ILC  ညီလာခံ၌ အလုပ်သမားရေးရာကိစ္စ တိုးတက်ဆောင်ရွက်ထားရှိမှုများနှင့် မြန်မာနိုင်ငံ၏ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားများ အပါအဝင် သက်ဆိုင်ရာ မိတ်ဖက်ဝန်ကြီးဌာနများ ILO၊ IOM နိုင်ငံတကာအဖွဲ့အစည်းများနှင့် EU အပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် MOU ရေးထိုးပြီး နှစ်နိုင်ငံအကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးမှုများ၊ သတင်းလွတ်လပ်ခွင့်များရှိအောင် ဆောင်ရွက်ပေးနေမှု၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့် ပတ်သက်၍လည်း အလုပ်ရှင်၊ အလုပ်သမားများ၏ တင်ပြချက်များကို ထည့်သွင်းစဉ်းစား၍ ဌာနတွင်း ဆွေးနွေးဆောင်ရွက်နေမှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)