မိုးမိတ် ၁၃ မေ 

 

ရှမ်းပြည်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့ အာသံကျေးရွာတွင် မိုးမိတ်မြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းမှ ကြီးမှူးဖွင့်လှစ်သော ရှမ်းစာပေသင်တန်းဆင်းပွဲနှင့် ဆုချီးမြင့်ပွဲကို မေ ၁၃ ရက် နံနက် ၁၀ နာရီတွင် အာသံမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ဦးစိုင်းထွန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်အေး၊ ဦးအိန္က၊ ဦးသုမနတို့က အမှာစကားပြောကြားခဲ့ပြီး  ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဆရာမ နန်းမိုးမိုးအေးက ရှမ်းတိုင်းရင်သားတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်မြတ်နိုးတတ်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်တွင် ရှမ်းစာပေသင်တန်းဖွင့် လှစ်ပေးခြင်းအားဖြင့် မိမိတို့စာပေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှတာဝန်ရှိသူများက ရှမ်းစာပေသင်တန်းတွင် ထူးချွန်ဆု၇ရှိသော သင်တန်းသား၊ သင်တန်းသူများနှင့် သင်ကြားပြသပေးသော ဆရာမများအား ဆုများနှင့်လက်ဆောင်များ ပေးအပ်ချီးမြင့်ခဲ့ပြီး အဆိုပါသင်တန်းများကို မိုးမိတ်မြို့အတွင်းရှိ ရှမ်းတိုင်းရင်သားများနေထိုင်သော ကျေးရွာများတွင်လည် ဖွင့်လှစ်ပို့ချပေးလျှက်ရှိကြောင်းလည်း သိရသည်။

 

စည်သူဌေး (မိုးမိတ်သား)

 

ge 00