ဘားအံ ၁၃   မေ 

 

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ရေအခက်အခဲဖြစ်သည့် နေရာများဖြစ်သော အထက်ကော့ရင်း ကျေးရွာအုပ်စု၊ ရွှေဝါထွန်းကွက်သစ်ရှိ အိမ်ခြေ(၆၅)လုံးအတွက် သောက်ရေသန့် လီတာ ၂၀  ရှိ ရေသန့်ဗူး ၁၂၀၊ သုံးရေအဖြစ် ရေဂါလန် ၂၉၀ဝ နှင့် နောင်ကျန်ကျေးရွာအုပ်စု၊ ဆယ်မိုင်ကုန်းကျေးရွာရှိအိမ်ခြေ(၆၂)လုံးအတွက် သောက်ရေသန့်ဘူး ၁၅၀ တို့ကို မေလ ၁၃ ရက် နံနက် ၁၁ နာရီခန့်က  ပေးဆပ်သူလူမှုကူညီရေးအသင်း (သံလွင်အနောက်ခြမ်း)မှ အလှူရှင် ကိုနေလင်းအောင်ပါ(၉)ဦးအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ နယ်မြေခံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

 

IMG-b7