နေပြည်တော် ၁၃ မေ
သစ်တောဉီးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးခြင်းများ ဆောင်ရွက်ရာတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ခလရ(၄၅)၊ (၁၅၁)နှင့် စရဖမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် မေ ၇ ရက်မှ ၁၁ ရက်အတွင်း ရှာဖွေဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ဂန့်ဂေါ-တောမ-မြိုင်လမ်း ၉ မိုင် ခန့်အကွာ Nissan Diesel (၁၀)ဘီး ယာဉ်ပေါ်မှ ပိတောက်ခွဲသားဆိုဒ်စုံ (၇ ဒသမ ၈၀ဝ၂)တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မြောက်ဘက်(၃)မိုင်ခန့်အကွာ ၌ (NOAH) မော်ယာဉ်ပေါ်မှ ပိတောက်ခွဲသား (ဝ ဒသမ ၂၆၇၂) တန်နှင့် ပြစ်မှုကျူးလွန်သူတစ်ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး၌ မော်တော်ယာဉ်(၃)စီးတို့ပေါ်မှ ပိတောက်ခွဲသား (၁၄ ဒသမ ၇၆၅၆)တန်နှင့်အတူ ပြစ်မှုကျူးလွန်သူ(၆)ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် ရွှေလီ မြစ်အတွင်းမှ ကျွန်းသစ်၊ ခွဲသား၊ လုံးပတ်၃ပေအောက်ကျွန်းသစ် (၇ ဒသမ ဝ၁၂၄) တန်နှင့်အတူ ပြစ်မှု ကျူးလွန်သူ(၈)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တမူးခရိုင် တမူးမြို့နယ် ခမ်းပတ်မြို့၏ အနောက်ဘက်(၄) ဖာလုံခန့်အကွာမှ ကျွန်း၊ ကညင်ခွဲသား (၆ ဒသမ ၈၁၉၂)တန်၊ အင်ဂျင်(၁)လုံး နှင့်ဆက်စပ်ပစ္စည်း (၅)မျိုး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာအတွင်းရှိ ဟီးနိုး(၆)ဘီး (အစိမ်းရောင်) မော်တော်ယာဉ်ပေါ်မှ အင်ကြင်းခွဲသား (၃ ဒသမ ၃၈၀၄) တန်၊ မုံရွာ/ ယင်းမာပင်ခရိုင် ပုလဲမြို့နယ် လယ်ဓမ္မကျေးရွာ အတွင်းမှ ပိတောက် ဒုခွဲသား (၁၂ ဒသမ ၁၈၅၈)တန်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ် အမှတ်(၂)ရပ်ကွက်အနီး၌ SURF မော်ယာဉ်ပေါ်မှ တမလန်းသစ်၊ ဓါးရွေ (ဝ ဒသမ ၈၃၅၄)တန်တို့အားလည်းကောင်း ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများ နှင့် ဆက်စပ်သော သူများအားစုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။
မောင်လူမော်
