နေပြည်တော် ၁၃ မေ
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင် ကျရောက်မည့် မြန်မာ့ရုပ်ရှင်နှစ်(၁၀ဝ)ပြည့် ပွဲတော်ကို ခမ်းနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံအကြံဉာဏ်ရယူပွဲ အခမ်းအနားကို မေ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် Sky Star Hotel(Ball Room)၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲကို ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ အလွှာစုံမှ အနုပညာရှင်၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ ရုပ်ရှင်မိတ်ဖက်အဖွဲ့ အစည်းများနှင့် လုပ်ငန်းရှင်များ တွေ့ဆုံမည်ဖြစ်သည့်အတွက် တက်ရောက်အကြံ ဉာဏ်များပေးနိုင်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
မောင်လူမော်