၁၄ မေ


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် လေဘေးကြောင့် ပြိုလဲခဲ့သော အိမ်နှစ်လုံးအတွက် ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲကို မေ ၁၃ ရက် မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

 

1

 


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုက အဖွင့်အမှာစကား ပြောကြားပြီ မေလ ၅ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ကျွဲသေအုပ်စု မှတ်တိုင်ကျေးရွာမှ ဒေါ်သန်းသန်းဌေး၏ နေအိမ်နှင့် ကံကြီးအုပ်စု ကံကြီး ကျေးရွာမှ ဒေါ်ရင်ငွေတို့၏ နေအိမ်များ ပြိုလဲခဲ့သည့်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့သော တစ်ကိုယ်ရေ ကျန်းမာရေးသုံး ပစ္စည်းများနှင့် မီးဖိုချောင်သုံး ပစ္စည်းများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းမှ မြို့နယ်ဥက္ကဌ ဦးတင်ဦးတို့က ပြိုလဲအိမ် မိသားစုများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ပြိုလဲအိမ်မိသားစုများ တက်ရောက်ခဲ့ကြသည်။


ဇေယျာထွန်း(ကြို့ပင်ကောက်)