ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာစီရင်စုအတွင်းရှိ ရှေးဟောင်းသင်္ချိုင်းရှိရာနေရာကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခံရန် မျှော်လင့်ရသည်။ 

ရုပ်အလောင်းများရှိရာ မြေအစုအပုံကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင်ဝင်နိုင်ကြောင်း တနင်္လာနေ့က ယူနက်စကို အကြံပေးအဖွဲ့က ထောက်ခံခဲ့သည်။

အဆိုပါသင်္ချိုင်းသည် ဧကရာဇ်တစ်ဦး တည်ဆောက်ခဲ့သည့် သင်္ချိုင်းဖြစ်သည်။ အရှည်အားဖြင့် ၄၈၆ မီတာရှည်လျားပြီး ၄င်းသည် ကမ္ဘာတွင် အကြီးမားဆုံး သင်္ချိုင်းဖြစ်သည်။

ယခုနှစ်နှောင်းပိုင်းတွင် အဇာဘိုင်ဂျန်နိုင်ငံ၌ကျင်းပမည့် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးပွဲကာလအတွင်း အမွေအနှစ်စာရင်းဝင်ရေး ဆုံးဖြတ်ချက်ကိုပြုလုပ်မည်ဟု မျှော်လင့်ရသည်။

 

mdn

 

အမွေအနှစ်များကို ကာကွယ်စောင့်ရှောက်ရန် ဒေသခံအသိုင်းအဝိုင်းများနှင့် လက်တွဲဆောင်ရွက်မည်ဟု ယဉ်ကျေးမှုရေးရာအေဂျင်စီက ပြောသည်။

ဂျပန်နိုင်ငံတွင် ယခုအခါ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ၁၈ ခုနှင့် ကမ္ဘာ့ သဘာဝအမွေအနှစ်စာရင်းဝင် ၄ ခုရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်