မိုးညို ၁၄ မေ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးတွင် ယနေ့နံနက် ၁၀:ဝ၀ နာရီအချိန်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းသော ထောက်ပံ့ပစ္စည်းများအား မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ လေဘေးသင့်ပြည်သူများထံ ပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။
ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲတွင် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်းနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲ ဉက္ကဌ ဉီးထွန်းမြင့်တို့က အမှာစကား ပြောကြားသည်။ ထို့နောက် ညောင်ဝိုင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွေးက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေးအတွက် ကျေးရွာသူ / ကျေးရွာသားများအနေဖြင့် နီးစပ်ရာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများထံ အချိန်မီ သတင်းပို့နိုင်ရေးတို့အား မှာကြားသည်။
ဆက်လက်၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ မေလ ၂ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုလဲပျက်စီး (၅၁)လုံး၊ အိမ်ထောင်စု(၅၁)စုအတွက် တစ်ကိုယ်ရည် ကျန်းမာရေးသုံးပစ္စည်း (၁၁)မျိုးပါ (Hygiene Parcel) ၊ မီးဖိုချောင်သုံးပစ္စည်း (၅)မျိုးပါ(Kitchen Set) နှင့် (မိုးရေကာဖျဉ်)တို့အား လေဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မင်းနိုင်(ပြန်/ဆက်)