နေပြည်တော်   ၁၄    မေ

မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ Mr. Tie Ning ၏ ဖိတ်ကြားချက် အရ မေ ၁၄ ရက်မှ ၁၈ ရက်အထိ ပေးကျင်းမြို့၌ ကျင်းပမည့် Asian Civilization ကွန်ဖရင့်သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ယင်းကွန်ဖရင့်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. XI Jinping ၏ ဦးဆောင်မှုဖြင့် ကျင်းပခြင်းဖြစ်ပြီး အာရှနိုင်ငံများမှ ပညာရှင်စာရေးဆရာများနှင့် ယဉ်ကျေးမှုသုတေသနပညာရှင်များ တက်ရောက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပျူခေတ်နှင့် ပုဂံခေတ် မြို့ပြယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များနှင့် စာပေအကြောင်း အလေးထားတင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)