ပဲရစ် ၁၄ မေ

 


ပြီးခဲ့သည့်တစ်ပတ်က ဘူကီနာဖာဆိုနိုင်ငံမှာ အဖမ်းခံနေရတဲ့ ပြင်သစ်ဓားစာခံများကို ကယ်တင်ရန် ဝင်ရောက်စီးနင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာမှာ ကျဆုံးခဲ့သည့် ပြင်သစ်တပ်ဖွဲ့ဝင်နှစ်ဦးအတွက် အောက်မေ့ အရိုအသေပေးခြင်းအခမ်းအနားကို ကျင်းပမှာဖြစ်ပါသည်။

 


ပြင်သစ် အထူးတပ်ဖွဲ့ဝင် ဆဲဒရစ် ဒီ ပီရာ ပွန် အသက် ( ၃၃ ) နှစ်နှင့် အလန် ဘာတွန်ဆဲလ်လို  တို့ဟာ ဘူကီနာဖာဆို နိုင်ငံက စစ်ဆင်ရေးမှာ ကျဆုံးခဲ့ကြပြီး ၎င်းတိို့အတွက် ပဲရစ်ရှိ စစ်ရေးအထိမ်းအမှတ် အဆောက်အဦမှာပြုလုပ်တဲ့ ဂုဏ်ပြုအခမ်းအနားကို သမ္မတ အီမန်နျူရယ်  မက်ခရွန်ကိုယ်တိုင် တက်ရောက် ဂုဏ်ပြုခဲ့သည်။

 

ိိ

 


လွန်ခဲ့သည့် မေ ၁ ရက်က ဘူကီနာဖာဆို နယ်စပ်အနီး ဘီနင်ရှိ သဘာဝဥယျာဉ်အတွင်း ခရီးစဉ်တစ်ခုမှာ ပြင်သစ်နိုင်ငံသား ပက်ထရစ် ပီအေ့ခ် နှင့် လော်ရန့် လာစ်စီမွန်ဝီရဲလ်စ် တို့နှစ်ဦးဟာ ဓားစာခံများအဖြစ် ပြန်ပေးဆွဲခံခဲ့ရသည်။ ဓားစာခံများထဲတွင် အမေရိကန် နိုင်ငံသားနှင့် တောင်ကိုရီးယား နိုင်ငံသားများလည်း ပါဝင်ခဲ့ပြီးစစ်ဆင်ရေးကို ကြာသပတေး - သောကြာ ညအချိန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်ဆင်ရေး ဆောင်ရွက်ပြီး စနေနေ့တွင် ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး ဂျင်န် ယီဗ် လီ ဒရိန် က လွတ်မြောက်လာတဲ့ အသက် ၅၁ နှစ်နှင့် ၄၆ နှစ်ရှိ ဓားစာခံနှစ်ဦးကို နိုင်ငံခြားရေးဝန်ကြီးဌာန ခရီးမသွားရန်  တားမြစ်ထားသည့် နယ်မြေသို့ ခရီးထွက်ခဲ့ခြင်းအပေါ် ပြင်းထန်စွာ သတိပေး ပြစ်တင်ခဲ့သည်။

 


ပြင်သစ်နိုင်ငံတောင်ပိုင်း Toulon မြို့တော်ဝန်က ၎င်းရဲ့တွစ်တာပေါ်တွင် “ချီးကျူးဂုဏ်ပြုထိုက်တဲ့ သူရဲကောင်းနှစ်ဦးဟာ ခရီးသွားတွေကို ကယ်တင်ရင်း သေဆုံးခဲ့ရပါပြီ” ဟု ရေးသားခဲ့သည်။

 


SMZaw(MDN)
Source> AFP