နေပြည်တော် ၁၄ မေ
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် စင်ကာပူနိုင်ငံအခြေစိုက် ပြင်သစ်သံရုံးမှ အာဆီယံနိုင်ငံများဆိုင်ရာ စီးပွားရေးရာဌာနကြီး၏ အကြီးအကဲနှင့်သံမှူးကြီး Mr. Frederic KAPLAN နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ဘဏ်လုပ်ငန်းကဏ္ဍ၌ လက်ရှိဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍ၌ ဆောင်ရွက်လျက်ရှိသော စည်းမျဉ်းနှင့် ကြီးကြပ်စစ်ဆေးမှု ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)