စစ်တွေ ၁၄ မေ     

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီး ဦးဝင်းမြင့်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေ ၄ နာရီတွင် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ စန္ဒသူရိယလမ်း (အပိုင်း - ၁) ကွန်ကရစ်လမ်းခင်းခြင်းနှင့် လမ်းဝဲယာအုတ်ရေမြောင်း ဆောက်လုပ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

1


အဆိုပါလမ်း အပိုင်း - ၁ သည် အရှည် ၂၉၇၅ ပေ၊ အကျယ် ၁၈ ပေနှင့် ထု ၈ လက်မရှိကြောင်း သိရသည်။

 

22


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် စစ်တွေမြို့ ကုန်သည်လမ်း၊ အေးသာယာလမ်း၊ ဂေါက်ရှီလမ်းနှင့် မင်းဗာကြီးလမ်းတို့တွင်  သောက်သုံးရေ ဖြန့်ဖြူးပေးဝေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

(သတင်းစဉ်)