ကျောက်ဆည် ၁၄ မေ

ကျောက်ဆည်မြို့ သင်တောင်းကျေးရွာ၊ ကေသီဦးဓမ္မာရုံတွင် ယနေ့ မွန်းလွဲ ၁ နာရီက သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

9095

 

ဆွေးနွေးပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဦးက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခင်စောလွင်က သဘာဝဘေးအန္တရာယ်များဖြစ်သည့် မြေပြိုခြင်းဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ လေဘေး၊ မြေငလျှင်ဘေး၊ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ခြင်းများနှင့် မိုးခေါင်ရေရှားဘေးများအကြောင်း အသိပညာများ ရှင်းလင်းဆွေးနွေးခဲ့သည်။ 

ဆွေးနွေးပွဲအပြီးတွင် ဝန်ထမ်းများက ဒေသခံပြည်သူများ အသိပညာ ပိုမိုကြွယ်ဝစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ နံရံကပ်စာစောင်များနှင့် ပညာပေးဗွီဒီယိုများ ပြသပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)