မုံရွာ ၁၄ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၄ အုပ်စုတွင် မေ ၁၃ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ယင်းကျေးရွာများသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အတူ သက်ဆိုင်ရာမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးကာ ထောက်ပံ့ငွေ သိန်း (၃၀ဝ)ကျော် ပေးအပ်ခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည့် ကျေးရွာများသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အတူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကနီမြို့နယ်အတွင်း လေဘေးသင့်သော ဝရာရွာ၊ ရသယာရွာ၊ ပလ္လင်ရွာတို့သို့ ပျက်စီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားပေးစကား ပြောကြားခဲ့ကာ ထောက်ပံငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ကနီမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၄ အုပ်စုရှိ လူနေအိမ် (၇၈၀)လုံးခန့် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ပစ္စည်းများနှင့် ငွေကျပ်သိန်း (၃၀ဝ)ကျော်ကို ဝန်ကြီးချုပ်နှင့် အဖွဲ့က ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)
