ကျုံပျော် ၁၅ မေ
အမျိုးသမီးများ အားလပ်ချိန်တွင် ဝင်ငွေတိုးပွားရှာဖွေနိုင်စေရန် ရည်ရွယ်၍ အိမ်တွင်းမှု အလှကိုင်ခြင်း ရက်လုပ်နည်းသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး သင်တန်းဆရာမ ဒေါ်ကေသီမြင့်နှင့် ဒေါ်ချိုသက်မွန်တို့က သင်ကြားပေးမည့် အကြောင်းအရာများအား မိတ်ဆက်ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် ပလတ်စတစ်ကြိုးအသုံးပြု၍ ရောင်စုံခြင်းထိုးနည်းများကို သင်ကြားပေးသွားမည်ဖြစ်ပြီးခြင်းပေါ်တွင် အလှတပ်ဆင်သော ပန်းပွင့်ဒီဇိုင်းထိုးနည်းများကို သင်ကြားပေးသွားမည် ဖြစ်သည်။
အဆိုပါခြင်းသည် ဝန်ထမ်းအမျိုးသမီးများ၊ ဆရာမနှင့် ကျောင်းသူများ၊ အလှကိုင်ဆောင်ချင်သူများအတွက် အထူးသင့်လျော်ကာ၊ ကိုင်ဆောင်သယ်ယူရာတွင် ပေါ့ပါးလှပပြီး၊ ခြင်းအတွင်း(၂)ပိဿာ အလေးချိန်အထိ ထည့်သွင်းသယ်ဆောင်နိုင်ကြောင်း သိရသည်။
သင်တန်းကာလမှာတစ်ရက်တာအတွင်း တတ်မြောက်အောင်သင်ကြားပေးသွားမည်ဖြစ်ပြီး ၊ စိတ်ပါဝင်စားသည့် သင်တန်းသူ ၁၈ ဦး တက်ရောက် သင်ကြားခဲ့ကြကြောင်းဖြင့် သိရသည်။
နေဝင်းမြင့် (ပြန်/ဆက်)