ဖလမ်း ၁၅ မေ
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်း မင့်ထန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရာလ်နှင်နှင့် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မေ ၁၄ ရက်က ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖလမ်းမြို့နယ်အတွင်းရှိ ဆိုင်မွှန်၊ ဘိုကျုံး၊ တလန်ကျိန် ဆယ်ပီး၊ ခီယာန်းဇန်၊ ခေါဆွမ်း၊ လွန်ခွါ၊ ဘွာလ်ဇောလ်၊ လျန်ဒု၊ ရာလ်လန်၊ ကလောမွန်၊ ကျဲရ်မွန်ကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသခံပြည်သူများက ဒေသလိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဂျွန်