နေပြည်တော်  ၁၅ မေ 


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ နှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)၌ ကျင်းပသည်။
    

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အားကစား အောင်မြင်တိုးတက်ရန်အတွက် ကြိုးစားဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဖြစ်ပေါ်နေသော အားကစား ကွင်း/ရုံဆိုင်ရာ ပြဿနာများ၊ ငွေကြေးဘဏ္ဍာရေးဆိုင်ရာပြဿနာများ၊ အခြားတိုင်စာများကို ဖြေရှင်းနေရသည်နှင့် အားကစားလုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာနေရပါကြောင်း၊ 

 

1


သိပ္ပံကျောင်းတစ်ကျောင်းချင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းစီ၏ မိမိကြုံတွေ့ရသော ဝန်ထမ်းရေးရာကိစ္စရပ်များ၊ အားကစားကွင်း/ ရုံကိစ္စရပ်များ၊ အခြားကြုံတွေ့နေရသော အခက်အခဲများအား သီးခြားစီ တွေ့ဆုံဖြေရှင်း အဆုံးအဖြတ်ပေး၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ Outdoor Fitness တပ်ဆင်ထားမှု အခြေအနေ၊ ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောက်ထားသော အားကစား ကွင်း/ရုံ အဆောက်အဦများ၏ နောက်ဆုံးအခြေအနေများကို တင်ပြရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန(နေပြည်တော်)နှင့် အား/ကာ သိပ္ပံကျောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့ E-Government System ဖြင့် ရုံးလုပ်ငန်းများကို စနစ်တကျ လုပ်ဆောင် ရမည်ဖြစ်သောကြောင့် Official E-mail ဖြင့်အသုံးပြု၍ လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်စေလိုကြောင်း၊ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ တစ်ရပ်လုံးပါဝင်လာအောင် Mass Sport လုပ်ငန်း များ အရှိန်အဟုန်မြှင့် ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ဒေသအသီးသီး၌ ပညာရေးဌာနဖြင့် ပေါင်းစပ်၍ အားကစား လုပ်ငန်းများဆောင်ရွက်မှု အခြေအနေများကိုလည်း တင်ပြရန်လို အပ်ကြောင်း၊ အားကစား လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိရန်အတွက် ပြည်သူလူထုနှင့် ဆက်ဆံရာတွင် အင်မတန်ခက်ခဲပြီး နုညံ့၊သိမ်မွေ့စွာ သေသေချာချာ အာရုံစူးစိုက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အားကစားအောင်မြင်ရေးတွင် မိမိတို့အချင်းချင်းလည်း ကြုံတွေ့ရသော အခက်အခဲများ ဝေမျှဖလှယ်ပူးပေါင်းဆောင်ရွက်ဖြေရှင်းပြီး မြန်မာ့အားကစားလောကတိုး တက်အောင်မြင်အောင် စုပေါင်းပြီးဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။
    

ဆက်လက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းများမှ ညွှန်ကြားရေးမှူးများက ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။


(သတင်းစဉ်)

 

1