၁၅ မေ

နယူးဇီလန်နိုင်ငံက ဗလီတွေအား ဝင်ရောက်ပြစ်ခတ်ခြင်းကို Facebook  ကနေ လိုက်ဖ်လွှင့်ပြသွားခဲ့ပါတယ်။ အဲဒီလိုမျိုး အကြမ်းဖက်မှု လိုက်ဖ်လွှင့်ခြင်းကို တင်းတင်းကျပ်ကျပ် စိစစ်သွားမယ်လို့ Facebook က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

လူတစ်ဦးတစ်ယောက်ကိုဖြစ်ဖြစ် အဖွဲ့အစည်းကိုဖြစ်စေ အန္တရာယ်ဖြစ်စေကြောင်း Facebook ရဲ့စည်းမျဉ်းကို ချိုးဖောက်ဖူးသူကို လိုက်ဖ်လွှင့်ခြင်းမှာ ကန့်သတ်သွားမယ်။ နယူးဇီလန်က အဖြစ်အပျက်အပြီးမှာ Facebook ရဲ့ ဝန်ဆောင်မှုတွေကို အသုံးချပြီး အမုန်းပွားအောင် မလုပ်နိုင်ရန် ဘာတွေကို ကန့်သတ်ရမလဲဆိုတာကို လေ့လာနေတယ်။ အခုစီစဉ်ထားတဲ့ တင်းကျပ်မှုကို လာမယ့် သီတင်းပတ်တွေ အတွင်းမှာလက်တွေ လုပ်ဆောင်သွားမယ်လို့ စာရိတ္တပိုင်းဆိုင်ရာထိန်းသိမ်းရေးရဲ့ ဒုဥက္ကဋ္ဌ ဂေး ရော့ဆင် က ပြောကြားပါတယ်။

 

mdn

 

Facebook က ဓါတ်ပုံနဲ့ ဗီဒီယိုသုတေသနလုပ်နိုင်တဲ့ နည်းပညာကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် အမေရိကန်တက္ကသိုလ် ၃ ခုအား သုတေသနအတွက် အမေရိကန်ဒေါ်လာ ၇.၅ သန်းကို သုံးစွဲထားကြောင်း သိရပါတယ်။

MDN
ကိုးကား - AFP