နေပြည်တော် ၁၅ မေ 

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းသည် မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအက်စ်ကျော်လှနှင့်အဖွဲ့၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာရဲမြ ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံ ဆေးပညာရှင်အသင်း ဥက္ကဋ္ဌ ဒေါက်တာနေဝင်းနှင့် အဖွဲ့တို့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

2019

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) နှင့် စပ်လျဉ်း၍ ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ရေးဆွဲလိုသော အချက်အလက်များနှင့် ပတ်သက်ပြီး ဥပဒေရေးရာကိစ္စရပ်များ၊ ဆရာဝန်များ စဉ်ဆက်မပြတ် ဆေးပညာလေ့လာသင်ကြားရေးကိစ္စ၊ ဆရာဝန်များအား အကာအကွယ်ပေးမှုဆိုင်ရာ ကိစ္စရပ်၊ မြန်မာပြည်ဖွား နိုင်ငံခြားသားဆရာဝန်များ မြန်မာနိုင်ငံတွင် ဆေးဝါးကုသရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်နှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)