နေပြည်တော် ၁၅ မေ
နေပြည်တော်၌ ရောက်ရှိနေသည့် နော်ဝေနိုင်ငံဝန်ကြီးချုပ်ဟောင်းနှင့် Oslo Center for Peace, Democracy and Human Rights ဥက္ကဋ္ဌ Mr. KjellMagneBondevik သည် ယနေ့ ည ၇ နာရီတွင် လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားသည်။
နော်ဝေနိုင်ငံဝန်ကြီးချုပ်ဟောင်းနှင့် Oslo Center for Peace, Democracy and Human Rights ဥက္ကဋ္ဌ Mr. KjellMagneBondevik အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
(သတင်းစဉ်)