မူဆယ် ၁၅ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်(၄)လမ်း၊ ညောင်ပင်ဈေးအနီးတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ထမင်းချက်ပြီး ကျန်ရှိသည့် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ မူဆယ်မြို့ စွမ်စော်ရပ်ကွက် (၄)လမ်းနေ ဦးစံလင်းနေအိမ် (အိမ်အမှတ် စစ/၃၆၉၊ သွပ်မိုး၊ ထရံကာ) မြေစိုက်အိမ်သည် ထမင်းချက်ပြီး ကျန်ရှိသည့် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်မီးလောင်ခဲ့ပြီး ၎င်းနေအိမ်မှတစ်ဆင့် ဦးခမ်းဆွဲထက်(မြေစိုက်) ဘေးအိမ်သို့ မီးကူးစက်လောင်ကျွမ်း၍ နေအိမ်(၂)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။
အဆိုပါ မီးလောင်မူဖြစ်ပွားရာသို့ မူဆယ်မြို့ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မူဆယ်မြို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးနှင့်အဖွဲ့များ၊ ကောင်းမှုလွယ်ရပ်ကွက်မှ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ခရစ်ယာန်ရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စွမ်စော်ရပ်ကွက် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမူရေးအသင်းအဖွဲ့များ၊ ပြည်သူများက မီးသတ်ယာဉ် (၁၀)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည်။
မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မူမရှိကြောင်း၊ မီးအားပေါ့ဆစွာသုံးစွဲသူ ဦးစံလင်းအား မူဆယ်မြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန့်ဇင် (မူဆယ်)