မော်လမြိုင် ၁၅ မေ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတို့သည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ မြိုင်သာယာဈေးသို့ သွားရောက်ကာ ဈေးသူ၊ ဈေးသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဈေးအသစ်ပြန်လည်တည်ဆောက်မည့် အခြေအနေနှင့် အဆိုပါ ဈေးအသစ်တည်ဆောက်နေစဉ် အသုံးပြုမည့် ယာယီဈေး တည်ဆောက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သီရိမြိုင်ဈေးနှင့် ရွှေမြိုင်သီရိဈေးသို့ သွားရောက်ကာ ဈေးအသစ်ပြန်လည်တည်ဆောက်မည့် အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ဒိုင်းဝန်ကွင်းဈေးအသစ် တည်ဆောက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
