ကန့်ဘလူ ၁၅ မေ 

 

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းမှ မသန်စွမ်းသူများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

dfef

 

 

အခမ်းအနားတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်းက မသန်စွမ်းသူများအတွက် ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိခွင့်၊ ပုဂ္ဂလိကလွတ်လပ်ခွင့်၊ တရားမျှတမှု ရရှိခွင့်၊ အမှီအခိုကင်းစွာနေထိုင်ခွင့်၊ လူမှုဘဝတွင် ပူးပေါင်းပါဝင်ခွင့်တို့ရှိကြောင်း၊ သက်ဆိုင်ရာပြည်သူများကလည်း ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

erf

 

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးအပ်ရာ မသန်စွမ်းသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူကြသည်။ အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် မသန်စွမ်းတစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်သူ မသန်စွမ်းသူ ၁၅၀ ဦးအား လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ကျန်ရှိနေသော မသန်စွမ်းသူများအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့မှတစ်ဆင့် ပေးအပ်နိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

wef

 

 

ကန့်ဘလူမြို့နယ်တွင် မသန်စွမ်းသူ ၆၅၀ ဦးရှိရာ ထောက်ပံ့ငွေ စုစုပေါင်းကျပ် ၁၉၅၀ဝ၀ဝ၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 


အောင်ဝင်းငြိမ်း(ကန့်ဘလူ)