၁၆ မေ
တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးကို အမေရိကန်ဈေးကွက်ကနေ ပိတ်ပင်လိုက်ခြင်းက တရုတ်နဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေးစစ်ကို ပိုပြီးပြင်းထန်လာစေပါတယ်။ သမ္မတ လက်မှတ်ထိုးပြီး ထုတ်ပြန်လိုက်တဲ့ အမိန့်ကြေညာချက်မှာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင် ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို တားမြစ်ခြင်းဖြစ်လို့ ရေးသားထားပါတယ်။ ကုမ္ပဏီနဲ့ နိုင်ငံ့ နာမည် တပ်မပြောပေမယ့် ဒီကြေညာချက်က ဟွာဝေးကို ရည်ရွယ်ကြောင်း ပြောဆိုနေကြပါတယ်။
အမေရိကန်လုံခြုံရေးနဲ့ အကျိုးစီးပွားကို ပြည်ပရန်ကနေကာကွယ်ရန် အုပ်ချုပ်ရေးယန္တရားက လုပ်ဆောင်ခြင်းဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူ ဆာရာဆန်ဒါးစ် က ပြောပါတယ်။
ဟွာဝေးကုမ္ပဏီဘက်က “အမေရိကန်နိုင်ငံမှာ ဟွာဝေးကို စီးပွားရေး မလုပ်နိုင်အောင်တားမြစ်ခြင်းက အမေရိကန်ကိုပိုပြီး လုံခြုံလာမှာမဟုတ်သလို ပိုပြီး အင်အားကြီးလာမှာ မဟုတ်ဘဲ တခြားဈေးကွက်က ဈေးကြီးတဲ့အတွက် အမေရိကန်ပြည်သူတွေဘဲ နစ်နာမှာလို့” တုံ့ပြန်လိုက်ပါတယ်။
အမေရိကန်ရဲ့ အနီးကပ်မဟာမိတ်နိုင်ငံဖြစ်တဲ့ ဗြိတိန်နိုင်ငံမှာလည်း ဟွာဝေးရဲ့ 5G နက်ဝက်ကို ခွင့်ပြုမလား၊ အမေရိကန်လို လုပ်ဆောင်မလားဆိုတာ ဆွေးနွေးနေပါတယ်။ ဟွာဝေးရဲ့ ဥက္ကဋ္ဌက လန်ဒန်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က သွားရောက်ပြီး ဟွာဝေးအနေနဲ့ သူလျှိုမလုပ်ဆောင်သလို အချက်အလက်တွေကို သိုလှောင်ထားတာမျိုးလည်းလုပ်မှာ မဟုတ်ဘူးပြောဆိုပါတယ်။
MDN
ကိုးကား - AFP