ဖလမ်း ၁၆ မေ
ချင်းလူမျိုးများ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ Falam Today Media ဦးဆောင်မှုဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ(ချင်းစာပေ)ကို မေ ၁၅ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့ Youth Community Centre( YCC )ခန်းမ၌ ပြုလုပ်သည်။
စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် Falam Today Media Editor ဆလိုင်း DL ဆဲင်လိန် ရေးသားသည့် “Hringnun Thlalang”( ဘဝကြေးမုံ )စာအုပ်ပါ အကြောင်းအရာများကို ပဉ္စမတန်းမှ အဋ္ဌမတန်း တက်ရောက်နေကြသော ကျောင်းသား ကျောင်းသူ ၁၃ ဦးတို့က ဖတ်ကြားယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/သူများအား ပြိုင်ပွဲကြီးမှူးကျင်းပသူ ဆလိုင်း DL ဆဲင်လိန် နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲဝင်များအားလုံးကို “Mi Langsar Pawl le Pathian Kutneh Mawi zia”စာအုပ်ကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဂျွန်
