မန္တလေး ၁၆ မေ 


အမှုထမ်းသက်တမ်းလွန် တာဝန်ထမ်းဆောင်ခဲ့မှုကြောင့် ငွေကျပ် (၇၈) သိန်းကျော် ပြန်ပေးရမည့် အလယ်တန်းပြ ဆရာမ ဒေါ်မာမာမြင့်သည် ယနေ့ နံနက်က မြန်မာ့စီးပွားရေးဘဏ်ခွဲ (၂) သို့ ငွေပြန်သွင်းခဲ့ကြောင်း သိရသည်။


မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမ ဒေါ်မာမာမြင့်သည် ၂၀၁၅ ခုနှစ် ဇူလိုင် (၁၄) ရက်က သက်ပြည့်ပင်စင်ပြည့်ခဲ့ရာ အမှုထမ်းသက်(၃)နှစ်နှင့်(၇)လ လွန်ခဲ့သည့်အတွက် ပညာရေးဝန်ကြီးဌာနမှ ငွေ(၇၈)သိန်းကျော်ကို ပြန်လည်ပေးသွင်းရန် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။


"ပြန်သွင်းရမယ့်ငွေကို ဒီနေ့ ပြန်သွင်းခြင်းဖြစ်တယ်။ ဒါပြီးမှ ဆရာမရဲ့ ပင်စင်အမှုတွဲက ပြန်ကျမှာ ဆက်တော့လုပ်ရဦးမှာပေါ့။  အခုတော့လုပ်ရမယ့် အလုပ်တစ်ခု တာဝန်ကျေသွားတာပေါ့" ဟု ဆရာမဒေါ်မာမာမြင့်က ပြောသည်။


ဆရာမပြန်သွင်းရမည့် ငွေများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ထောက်ပံ့ကူညီပေးခဲ့သည့်အပြင် ပြင်ပအလှူရှင်တချို့ကလည်း ကူညီမှုများရှိခဲ့သည်။

 

အိမို့မို့ခိုင်