မူဆယ် ၁၆ မေ 

 


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိ်ုင်၊ မူဆယ်မြို့နယ်၊ တိန်းလုံကျေးရွာအုပ်စု၊ နောင်မိုကျေးရွာ၌ မေ  ၁၆ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရင်ဟော့စက္ကူစက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

န္

 


ဖြစ်စဉ်မှာ ရင်ဟော့စက္ကူစက်ရုံအတွင်းရှိ ဝပ်ရှော့အလုပ်ရုံတွင် စက်ပြင်လုပ်သား ဦးဟန်ရွန်ရန်သည် တရုတ်နိုင်ငံလုပ် CHENG GON အမျိုးအစား၊ မြေထိုးစက်ပေါ်ရှိ အင်ဂျင်တုံးအား သံဖြတ်စက်ဖြင့် အင်ဂျက်တုံး နက် များကို ဖြတ်တောက်နေစဉ် မီးပွားလွင့်စင်ပြီး ယိုစိမ့်နေသည့်ဆီများမှတစ်ဆင့် အမိုးနှင့်တာယာများ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် ရင်ဟော့စက္ကူစက်ရုံမိုးထားသည့် ဖိုက်ဖာမိုး အချပ် (၂၀) နှင့်မြေထိုးစက်မှ (၅) ပတ်လည်ခန့်ရှိ တာယာ(၄)လုံးတို့အား မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ 

 


အဆိုပါမီးလောင်ရာသို့ မူဆယ်ခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ထိန်လင်းနှင့် အဖွဲ့များ၊ မူဆယ်မြို့ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မှ သန္ဓေ / အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိဘပြည်သူများ စုစုပေါင်း မီးသတ်ယာဉ် (၁၁) စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရာ ညနေ(၅)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးအားပေါ့ဆစွာ အသုံးပြုသူ ဦးဟန်ရွန်ရန်အား မူဆယ်ရဲစခန်းမှ ဥပဒေအရအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ဗန်ရိုးထန်(ပြန်/ဆက်)